Sunday, March 27, 2016

Gmail Security

သင့် G-Mail Account ကိုလုံခြုံအောင်လုပ်ထားမယ်



အခုကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့ 2 StepVercificationအကြောင်းပဲဖြစ်ပါတယ်။ IT Field
ထဲမှာ Pro Level တိုင်းကတော့ အလွယ်တကူသိနိုင်ပေမယ့်လေ့လာခါစလူတွေနဲ့ အမျိုးသမီးငယ်လေးများအတွက်အထူးရည်ရွယ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်တန်ဖိုးထား
တဲ့ G-mail Account ကိုအလွယ်တကူHackလုပ်ခံရခြင်းမှကာကွယ်နိုင်ရန်အတွက်ဖြစ်ပါတယ်။ဤနည်းဖြင့် သင့် G-mailကို ပြုလုပ်ထားခြင်းဖြင့်လည်းသင့် Facebook Account ကိုလည်း
ကာကွယ်နိုင်ဖို့ ၇၅% ကျိန်းသေပါတယ်။ ဘာကြောင့် ၁၀၀% ဟုမပြောသလည်းဆိုတော့ သင့် Facebook Account ကိုတစ်စုံတစ်ယောက်ကဖောက်ယူ (ခိုးယူ)သွားနိုင်ပါကထိုသူသည်
သင့်အကောင့် (G-mail) ဖြင့် ၀င်နေသော အမည်အား Primary  E-mail Address မှာချိန်းလိုက်ခြင်းဖြင့် သင့် Facebook အကောင့်ကိုအလစ်သုတ်သွားနိုင်ပါတယ်။ သင့် Facebook Account ပါသွား
ပေမယ့်လည်းသင့်ရဲ့ G-mail Address ကိုတော့ လုံးဝရမည်မဟုတ်ပါဟု ၁၀၀% ဆိုလိုနိုင်ပါသည်။ကဲကျွန်တော်လည်းစကားတွေများ သွားပီဆက်လိုက်ရအောင်လားဗျာထုံးစံအတိုင်းပေါ့ အရင်ဆုံးသင့်ရဲ့ G-mail ကို ၀င်လိုက်ပါထို့နောက် Account Setting ထဲသို့
သွားပီးအောက်ပါပုံအတိုင်းမှ
အရင်ဆုံး Security ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ ပီးသွားရင်တော့နောက်ထပ်မျှားတစ်ခုဖြစ်တဲ့ 2-step verification မှာ Setup ဆိုတာကို နှိပ်လိုက်ပါမယ် ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း
ပထမမျှားအနီပြထားတဲ့နေရာမှာတော့ သင်အခုလက်ရှိကိုင်နေတဲ့သင့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ပီးသွားရင်တော့
How should we send you code? ဆိုတဲ့နေရာမှာ Voice Callဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော်ကျွန်တော်ချစ်သောအမိမြန်မာနိုင်ငံသို့ ပြည်ပမှ မည်သို့သော
Message များ Phone Services ဖြင့် မရောက်ရှိနိုင်ပါ။ ဒါကြောင့်ကျွန်တော်တို့ Viberအကောင့်ဖွင့်လျှင်လည်း Voice Call ဖြင့်သာActivate လုပ်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Voice Callကိုသာရွေးချယ်ပီး Send Code ဟုနှိပ်လိုက်ပါမယ်။ တစ်မိနစ်အတွင်း
မှာပဲသင့်ဖုန်းသို့ “0041” သို့မဟုတ် တစ်ခြားနံပါတ်ဖြင့် သင့်ဖုန်းအတွင်းသို့ ၀င်လာတဲ့အခါမှာ ချစ်စဖွယ်ကောင်းသောအသံဖြင့်
“ဟယ်လို” ဟုဖြေကြားလိုက်တဲ့အခါမှာတော့ သင့်အားအင်္ဂလိပ်လိုစကားတွေစပြောပါ့မယ်။ နားမလည်လည်းထားလိုက်ပါ ကိတ်စနမရှိပါဘူးအဓိကနားထောင်ရမယ့်နေရာကတော့ “Your verification codeisXXXXXX ”ဆိုပီးဂဏာန်းခြောက်လုံးကိုအင်္ဂလိပ်လိုပြောပါလိမ့်မယ်
တစ်ခါတည်းကြားလျှင်အဆင်မပြေမှာဆိုးသဖြင့်သဘောကောင်းစွာဖြင့်နောက်တစ်ကြိမ်ပြန်ပြောပါလိမ့်မယ်။ ထိုသို့ပြောကြားသောဂဏန်း ၆ လုံးအား
အထက်ဖော်ပြပါ အောက်လေးထောင့်အနီရောင်အကွက်လေးအတွင်းသို့ရိုက်ထည့်ပါမယ်။ အပေါ်ကအနီရောင်အကွက်လေးကတော့ သင် Verificationလုပ်တဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်။ဒီနောက်တော့ အောက်ဖော်ပြပါပုံအတိုင်း
ပေါ်လာပီဆိုရင်တော့ Next ကိုနှိပ်လိုက်ပါ့မယ်။ဒီနောက်တော့ သင် Verification
လုပ်တာကိုသင့်Mail အားအတည်ပြုဖို့အတွက်အောက်ပါပုံအတိုင်းပေါ်လာပီဆိုရင်တော့
Confirm ကို နှိပ်လိုက်ပါမယ်။ဒီနောက်မှာတော့ အောက်ဖော်ပြပါအတိုင်း
မြင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာကအခုသင်လက်ရှိလုပ်
ထားတဲ့ 2-step verification ကိုဖုန်းနံပါတ်တစ်လုံးတည်းဖြစ်ပါတယ် အကယ်လို့များအဲဒီဖုန်းနံပါတ် သို့မဟုတ် ဖုန်းပျောက်သွားတဲ့အခါမှာ Backup သို့မဟုတ်Recover Phone နံပါတ်တစ်ခုထပ်ထည့်ရန်အတွက် ကျွန်တော်တို့က
အထက်ပါပုံအတိုင်းမှ Backup Phone Number ဆိုတဲ့နေရာမှာသင့်မိသားစုဝင်သို့မဟုတ် သင်ကိုင်တဲ့နောက်ထပ်နံပါတ်တစ်ခုကိုရိုက်ထည့်ပီးVoice Call ဆိုတာကိုပဲရွေးထားပီးSave Number ဆိုတာကိုပဲ နှိပ်လိုက်ပါ့မယ်။ဒီ့နောက် သူကအောက်ပါပုံအတိုင်းမှ
Password ပြန်ရိုက်ခိုင်းပါလိမ့်မယ် မှန်ကန်အောင်ပြန်ရိုက်ထည့်လိုက်ပါမယ်ထို့နောက်ကျွန်တော်တို့ ထပ်မံပီးလုံခြုံရေးတိုးမြှင့်ချင်သပဆိုရင် သင်ကိုင်နေတဲ့ Hand Set အမျိုးအစားဖြင့်လည်းထပ်မံ၍ လုံခြုံမှုအဆင့်တိုးမြှင့်သတ်မှတ်လို့ရပါ့တယ်။ ဒါကြောင့်အောက်ပါပုံအတိုင်းမှ
 

Get codes via our mobile app instead ဆိုတာမှ Switch to app
ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ ဒီနောက်တော့အောက်ပါပုံအတိုင်းမှ
မိမိအသုံးပြုနေသည့် Hand Set အမျိုးအစားအားရွေးချယ်သတ်မှတ်လိုက်ပါမယ် ကျွန်တော်ကတော့ ဆင်းရဲတော့ Android လေးကိုပဲရွေးချယ်လိုက်ပါတယ်။ စာဖတ်သူတွေကတော့ iPhone ဖြစ်ရင်ဖြစ်မှာပေါ့
ကဲနောက်တာပါပီးသွားရင်တော့ Continue ဆိုတာကိုနှိပ်လိုက်ပါ့မယ်။
ဒီနေရာမှာတစ်ခုပြောချင်တာက နံပါတ်၂ နေရာဖြစ်တဲ့ Download from the
Google Play Store ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ထိုအခါအောက်ပါပုံအတိုင်း
မှ Install ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့

သင့် ဖုန်းနဲ့ Match ဖြစ်မဖြစ်ကိုစစ်ဆေးပီးတာနဲ့ Install ဆိုတာကိုနှိပ်လိုက်ပါမယ်ဒါဆိုရင် ကျွန်တော်တို့ Facebook မှာ Code GeneratorServices ပုံစံအတိုင်းသင့်ဖုန်းထဲမှာလည်း G-mail အတွက် လုံခြုံရေး
တာဝန်ခံတစ်ယောက်ကို လစာတစ်ပြားမှမပေးပဲခန့်အပ်လိုက်ပါပီ။ကဲပိုပီးတော့ လုံခြုံချင်သေးသလား…. ???????? ဟီးဟီးတော်ကြာတားအကောင့်က ဒီလိုတွေလုပ်ထားတယ် စာဖတ်သူတွေကလည်း
ဒီလိုတွေလုပ်ထားတယ်ဆိုပီး Script Kiddies (ဟိုမရောက်ဒီမရောက်တတ်ရောင်ငါး၊ Pushing Techniques သုံး၍ အကောင့်ခိုးသူများ)လိုက်လာဦးမယ်….. လာပါစေ… သင်သာ မြင်မြင်သမျှ ကလစ်မနှိပ်
ဖို့ပဲလိုတယ်နော်.. ကဲဆက်လိုက်ရအောင်…အောက်ပါပုံအတိုင်းမှ
Name ဆိုတဲ့အကွက်ထဲမှာသင်ကြိုက်တဲ့ နာမည်ကိုရိုက်ထည့်SPACE ပါလည်းလျှော့မချိဝူး..အဲလေ..ကိစ္စမရှိဘူး
 
ကျွန်တော်ကတော့ ကျွန်တော့်နာမည်နဲ့ထည့်ပီးတော့ Generate Password
ဆိုတာကိုနှိပ်လိုက်ပါပီ။ဒီအခါမှာတော့သင့်အတွက်အောက်ပါပုံအတိုင်း
ကိန်းဂဏန်းလေးလုံးအစုံဖြင့် ၁၆လုံးဖော်ပြပေးတဲ့အခါမှာတော့ Done ကိုနှိပ်လိုက်ပါ့မယ်။ အဲဒီမှာတစ်ခုရှိတာကအဲဒီ ၁၆ လုံးကိုမှတ်ထားပါဘာလို့လည်းဆိုတော့ အဲဒီဂဏန်းတွေကသင့်အတွက် Password တွေဖြစ်နေလို့ပါ..ထို့နောက် သင်ဟာအပြင်ကွန်ပျူတာတွေမှာသုံးတတ်တဲ့အကျင့်ရှိတဲ့ လူတစ်ယောက်ဆိုရင်အထက်တွင်ဖော်ပြခဲ့သောပုံများမှ ပုံ (၁) ဟုသတ်မှတ်ပါဆိုသောပုံမှာ Backup
Codes ဆိုသော Tab တွင် Print or Download ဆိုတာကိုနှိပလိုက်ပါဒါဆိုရင်တော့အောက်ပါပုံအတိုင်း
 

Backup Verification codes ဆယ်ခုဖော်ပြပေးပါမယ် ဒါကတော့ သင့်အကောင့်တစ်ခုခုဖြစ်သွားတိုင်းမှာဂဏန်း ၈လုံးပါတဲ့ Verification Codeတောင်းတဲ့အခါမှာသုံးဖို့အတွက်ဖြစ်ပါတယ်။ အဲဒီဂဏန်းများမှ တစ်စုံခြင်းစီတိုင်းသည် တစ်ကြိမ် တစ်ခါတည်းစီသာအသုံးပြုခွင့်ရှိသောကုဒ်များလည်းဖြစ်သောကြောင့် မမေ့နိုင်စေရန် မှတ်သားထားဖို့လိုပေသည်။ကဲဒီလောက်ဆိုဆိုရင် သင့်အကောင့်သည် လုံခြုံစိတ်ချရတဲ့အနေအထားတစ်ခုသို့ရောက်သွားသောကြောင့်စိတ်ချမ်းသာကိုယ်ချမ်းသာသုံးစွဲနိုင်ပေတော့မည်ဖြစ်သည်။
နားမလည်မှုများရှိခဲ့ပါကနောက်တစ်ခေါက်ပြန်ဖတ်စေလိုသည်။ ပြန်ဖတ်လို့မှ နားမလည်သေးပါက ကျွန်တော့်အားအချိန်မရွေးမေးမြန်းနိုင်ပါသည်။လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Hide Mail ရှာနည်း


သင့်ဖွက်ထားတဲ့ G-mail က လုံခြုံနေပြီလား ?


မင်္ဂလာပါ။ ဒီနေ့အကြေင်းအရာကတော့ Facebook ပေါ်မှာ တော်တော်များများလည်းသိပြီးသားဖြစ်တဲ့ Facebook Account ရဲ့ ID သို့မဟုတ် Account နှင့်ချိတ်ဆက်ထားသော Mail (G-mail or Any Mail) ကို သိရှိနည်းဖြစ်ပါတယ်။ Facebookပေါ်မှာ အများစုက Security အနေဖြင့် ထိုသူတို့ရဲ့ အကောင့်ကို Hack ခံမရအောင်ဆိုလိုတာက Forget Password ဖြင့် ရိုက်လျှင် Mail ကနေတဆင့် လုပ်ကြတာဖြစ်
တဲ့အတွက် အများစု ထိုသူတို့ရဲ့ အသုံးပြုတဲ့ Mail ကိုဖွက်ထားလေ့ရှိကြပါတယ်။ဒီနေရာမှာကျတော်က Security ပိုင်းကိုတော့ ဟိုးအရင်က ပြောခဲ့ပြီးပါပြီ။ အခုတစ်ခါမှာတော့ Attack ပိုင်းကိုပြောမှာဖြစ်ပါတယ်။ ဆိုလိုတာက ဖွက်ထားတဲ့မေးလ်ကို ရအောင်ကြည့်နည်းဖြစ်ပါတယ်။ မေးလ်သိရင် ဘာလုပ်ကြမလည်း ?
အဲ့တာကတော့ သင်တို့အပိုင်းပါ။ ကျတော်က Attack ပိုင်းဆိုပေမယ့် တစ်ကယ်တမ်းက Security and recovery ပိုင်းကို မကင်းမကင်း တွဲဖက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကဲ စလိုက်ရအောင် Target အနေနဲ့ အကောင့်တစ်ခုကိုပြပါ့မယ်။ဒီတော့ ထိုအကောင့်ကို ကျတောတို့က Mail မသိဘူးဆိုတော့ သူ့ရဲ့ Accoun  ID ကို တစ်ချက် ကော်ပီကူးလိုက်ပါမယ့် အကောင့် ID ဆိုတာကတော့


အထက်ပါပုံအတိုင်းမှ www.facebook.com/ ရဲ့ အနောက်က phXXXXXX58ဆို
တာဖြစ်ပါတယ်။ ဒါကတော့ User ID ဖြစ်ပါတယ်။ ဒီတော့ ထို User ID ကို ကျတော်
တို့က ကော်ပီကူးယူပြီးတော့  Browser အသစ်တစ်ခုမှာ


အထက်ပါပုံအတိုင်း Forgot your password? ဆိုတာကို နှိပ်လိုက်ပါမယ်
ပြီးရင်တော့


အထက်ပါပုံအတိုင်း Find your account ဆိုတဲ့ နေရာမှာ ခုနက ကော်ပီကူးထားတဲ့
ID ကို ထည့်ပြီး Search နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း


ထိုသူ့အကောင့်ကို Password Reset ချဖို့သတ်မှတ်ထားတဲ့နေရာကိုရောက်
သွားပါလိမ့်မယ်။ ဒီနေရာမှာ သူသုံးထားတာက v*********2@gmail.comဆိုတဲ့
Mail တစ်ခုကိုသုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျတော်တို့ကအောက်ပါပုံအတိုင်း


No Longer Access This account ဆိုတာကိုနှိပ်လိုက်ပြီး How can we reach you?
ဆိုတဲ့နေရာမှာ သင့်ဆီကိုရောက်မယ့် Mail တစ်ခုကို ထည့်လိုက်ပါမယ်။


ပြီးသွားရင်တော့ Continue ကိုနှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း


Security Question ဖြေမယ့်အပိုင်းရောက်လာရင် မျှားအနီရောင်လေးပြထားတဲ့
Recover your account with help from friends. ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့


အထက်ပါ့ပုံအတိုင်း 3 Trusted Friends ရွေးချယ်ခိုင်းမယ့်အပိုင်းပေးလာမှာဖြစ်ပါတယ်။
ဒါဆိုရင်ကျတော်တို့က Continue ကိုနှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့ သင့်မျက်လုံးထဲ
မြင်သမျှ တွေ့သမျှ လူသုံးယောက်ကိုရွေးပေးလိုက်ပမယ်။


ထိုကဲ့သို့ ၃ယောက်ကိုရွေးချယ်ပီးသွားရင်တော့ မြင်ရမှာကအောက်ပါပုံအတိုင်း
ဖြစ်ပါတယ်။


ဒါဆိုရင်ကျတော်တို့က ထို ၃ယောက်ကို အကြောင်းပြုပြီး Code လှမ်းတောင်းမှာ
ဖြစ်ပါတယ်။ ဒီတော့ Send codes to friends ဆိုတာကို နှိပ်ပေးလိုက်ပါ့မယ်။ဒီအချိန်မှာ သင်ဟာ ခုနက How we can reach you? ဆိုတဲ့နေရာမှာ ထည့်ထားခဲ့တဲ့ Mail ကို ဖွင့်ထားပြီး Inbox ရဲ့ Social Tab မှာ သွားစစ်ဆေးပါ့မယ်။


ဒါဆိုရင် ခုနက သင်ရွေးချယ်ပေးလိုက်တဲ့ လူ၃ ယောက်ကို Code ပို့လိုက်ပြီ
ဆိုတဲ့အကြောင်း Facebook က လှမ်း အသိပေးပြီး သင့်အကောင့်ကို ၀င်ဖို့အတွက်
Link ပါတစ်ခါတည်းချပေးလိုက်ပါမယ်။ ဒါဆိုရင်ကျတော်တို့က ထို လင့်ခ်ကိုနှိပ်လိုက်ပါမယ်


ဒါဆိုရင်အထက်ပါပုံအတိုင်း Tab တစ်ခုအနေနဲ့ ထွက်လာမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျတော်တို့က ထို ပေးထားတဲ့ လင့်ခ်ကို ကော်ပီကူးယူပြီး
ဘရောက်ဇာ အသစ်တစ်ခုမှာသွားပြီးအောက်ပါပုံအတိုင်း


ကူးထည့်ပြီး Enter ခေါက်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ ခုနက သူဖွက်ထားခဲ့တဲ့
V*********2@gmail.com ဆိုတာက အောက်ပါပုံအတိုင်း


အပြည့်အစုံဖော်ပြပေးတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် သင်ဖွင့်ထားတဲ့
သို့တည်းမဟုတ် သင် Hide ထားတဲ့ G-mail တစ်ခုက တစ်ကယ်လုံခြုံစွာ ဖွက်
ထားနိုင်ပြီလားဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ်………..
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်